ဝက်လက် ၁၇ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ညနေပိုင်း၌  မြို့ပေါ်ရှိစားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များကို ပါဆယ်စနစ်ဖြင့် ကန့်သတ်ရောင်းချရန်အတွက် အသံချဲ့စက်ဖြင့် မြို့အတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပေးစာများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

 

စိုးစိုးလှိုင် (ဝက်လက်)