ရွှေကျင် ၁၇ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေး တို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ ဦးဆောင်မှုဖြင့်  မြို့နယ်အတွင်းသို့ ဝင်/ထွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် အသုံးပြုသွားလာကြသော ခရီးသွားပြည်သူများကို ခရီးသွားထောက်ခံချက် ကျန်းမာရေး ထောက်ခံချက် ပါရှိမှုများ စစ်မေးခြင်း၊ ခိုင်လုံသော အထောက်အထား ထောက်ခံချက်များ မပါရှိပါက လာသည့်နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းများအပြင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်သွားလာစေခြင်းတို့ကို ပူးပေါင်း အဖွဲ့‌များက မြို့အဝင်/အထွက် (၂)နေရာတွင် အဖွဲ့များခွဲပြီး နေ့/ညမပြတ် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ထွန်းထွန်းဇော်(ပြန်/ဆက်)