ဘုတလင် ၁၇   စက်တင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာတွင် ကန်သာကြီး မြေသားကန် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၁၁ နာရီခန့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

 

mdn

 

ကန်သာကြီး မြေသားကန်နှင့် ရေပေးမြောင်းများ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ၂၃ ဒဿမ ၇ သန်းဖြင့် ရွှေသိန်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေမှု အခြေအနေများကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။

 

အဆိုပါ မြေသားကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီစွာ ပြီးစီးရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟံထွန်း၊ မြို့နယ်အရည်အသွေး စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)