နေပြည်တော် ၁၇ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာပါ ၃ ရွာ၌ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက မိုးရွာသွန်းပြီး ရေကြီး/ ရေလျှံခြင်း၊ မြေစာပြိုကျခြင်းများ ဖြစ်ပွားသဖြင့် နေအိမ် ၇ လုံး ပြိုကျ၊ အိမ်သာ ၁ လုံး ရေမျောပါ ပျက်စီးဆုံးရှုံးခဲ့ပြီး ဝှေခါကျေးရွာ ဂျန်ဂါ ကားလမ်း၌ လမ်းပိတ်ဆို့လျက် ရှိကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


