နေပြည်တော် ၁၇ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ရွှေကူ(၁၉)ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြင့်ပေ ၂၀ဝ ခန့်မြေကမ်းပါးယံ ပြိုကျပိမိ၍ နေအိမ် ၁ လုံး ပြိုကျပျက်စီးခဲ့ရာ ၎င်းနေအိမ်မှ ဒေါ်ရွှေမြိုင်(၆၃)နှစ်တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


