နေပြည်တော် ၁၇  စက်တင်ဘာ

           

 

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက် နံနက် ၇ နာရီက ဖယ်ခုံမြို့နယ်၊ ဘန်းမိုက်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၃ လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်နှင့် ငူးပလိုင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ လက်မခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်၊ စုစုပေါင်း ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၁၇  ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က နံနက် ၉ နာရီခွဲ အချိန်က ကျောက်တန်းကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

 

 

(ရဲပြန်ကြား)