နေပြည်တော် ၁၇  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် စက်တင်ဘာလ ၁၅ ရက်က တရားမဝင် ဆင်စွယ် အစိတ်အပိုင်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လက်ပံတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီ ၅၅ မိနစ် က သတင်းအရ ကျွန်းကလေး ကျေးရွာရှိ ကဘော်လက်ပံတည်းခိုခန်း အခန်း(၁)၌ တည်းခို နေထိုင် သည့် ပျဉ်းမနားမြို့၊ မင်္ဂလာ ရပ်ကွက်နေ ဦးကျော်ဝင်း(၆၄)နှစ်၏ အခန်းအား ဝင်ရောက်ရှာဖွေရာ အခန်းအတွင်းမှ ပုဆိုးဖြင့် ပတ်လျက် အလျား ၆ လက်မ၊ အနံ ၂ လက်မခန့် ဆင်စွယ် ၁ ခြမ်း၊ အလျား ၃ လက်မ၊ အနံ ၁ လက်မခန့် ဆင်စွယ် ၁ ခြမ်း၊ ၁ လက်မပတ်လည်ခန့် ဆင်စွယ် အစိတ်အပိုင်း ၃၀   တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဦးကျော်ဝင်းအား လက်ပံတန်းမြို့မရဲစခန်း (ပ)၆၄၃/၂၀၂၀၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ၄၁(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)