ပြည်ကြီးတံခွန် ၁၇ စက်တင်ဘာ
မသန်စွမ်းတစ်ဦးလျှင်ငွေကျပ်(၃၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ငွေကျပ်(၃၀၀၀) အား မသန်စွမ်းသူများထံ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ခြင်း ယနေ့ နံနက်ပိုင်း ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က မသန်စွမ်းသူများအား အိမ်တိုင် ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ခုလိုကိုဗစ်ကာလမှာ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ပေးအပ်မှုတွေ ရှိသလို မသန်စွမ်းသူများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့မှုတွေ ဆောင်ရွက်နေပါတယ်၊ ဒီနေ့မှာလည်း မြို့နယ်အတွင်းမှာရှိတဲ့ မသန်စွမ်းသူ (၂၀၁)ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါတယ် ဟု ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော် က ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ မသန်စွမ်းသူ ၂၀၁ ဦးအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေ သိန်းခြောက်ဆယ်သုံးသောင်းကျပ်အား မသန်စွမ်းသူများထံ တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


