၁၇ စက်တင်ဘာ

လက်ဘနွန်နိုင်ငံရဲ့ အကြီးဆုံးထောင် ရိုမီရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၀၀ ကျော်ရှိကြောင်း ဆရာဝန်များသမဂ္ဂကနေ ဒီနေ့(ကြာသပတေးနေ့)မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြီးတဲ့စနေနေ့က ပိုးတွေ့ရှိသူ ၂၂ ဦးရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားကြောင်း ဆရာဝန်များသမဂ္ဂရဲ့ ဉက္ကဋ္ဌ ရှာရပ်ဖ် အက်ဒူ ရှာရပ်ဖ် က ပြောပါတယ်။ ပိုးရပ်စ်ပိုး ထပ်မံတွေ့ရှိသူတွေဟာ အကျဉ်းသားတွေလား သို့မဟုတ် အကျဉ်းသားတွေနဲ့ အကျဉ်းထောင်စောင့်တွေရောလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ရိုမီရာ အကျဉ်းထောင်မှာ အကျဉ်းသား ၄,၀၀၀ ကျော်ထားရှိရာ ထားနိုင်တဲ့ပမာဏရဲ့ ၃ ဆလောက်များပြီး ထားရှိကြောင်းနဲ့ အကျဉ်းထောင်တွင်းက အခြေအနေဟာ အလွန်ဆိုးကြောင်း နာမည်ကျော်ကြားတဲ့ အကျဉ်းထောင်ဖြစ်ပါတယ်။ 

အကျဉ်းထောင်ထဲက လက်ရှိ အခြေအနေကိုတင်ပြထားတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ဗုဒ္ဓဟူးနေ့က ပေါက်ကြားပါတယ်။ အဲဒီဗီဒီယိုမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ရာ ဗဟိုဖြစ်လာတဲ့အတွက် အကျဉ်းသား ၁၀၀ လောက်က ဗိုင်းရပ်စ်ပိုးနဲ့ပတ်သတ်ပြီး ကာကွယ်ရေးချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုထားပါတယ်။

ယာယီကျန်းမာရေးဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး အကျဉ်းသားတွေကို ကုသပေးရန် နိုင်ငံရဲ့အရှေ့ပိုင်းရှိ ဆေးရုံတစ်ရုံမှာ ပြင်ဆင်နေကြောင်း ပြောပါတယ်။

လက်ဘနွန်နိုင်ငံမှာ အခုသီတင်းပတ်အတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ များပြားလာကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလကစပြီး ပိုးတွေ့ရှိသူ ၂၆,၀၈၃ ဦးရှိပြီး သေဆုံးသူ ၂၅၉ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP