မော်လမြိုင် ၁၈ စက်တင်ဘာ
မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသင်တန်းခန်းမ၌ ယမန်နေ့ညနေပိုင်း၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများကူညီဆောင်ရွက်ရန် ရန်ကုန်မြို့သို့သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများက တွေ့ဆုံကာ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်တို့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့သို့ သွားရောက်မည့် ဆရာဝန်(၂)ဦး၊ သူနာပြု(၂၀)တို့အား ဂုဏ်ပြုအမှာစကားပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ် ၂၂၀၀၀၀ဝ ကို ချီးမြှင့်ထောက်ပံ့ကြောင်း သိရသည်။
စမ်းစမ်းနွယ် ပြည်နယ်(ပြန်/ဆက်)


