နောင်ချို   ၁၈    စက်တင်ဘာ 

 

ကျောက်မဲခရိုင်၊  နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့ နံနက်  ၁၁:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး  ရုံးခန်း၌ ကျပ်သိန်း ၂၀ ဖိုးရှိ Mask များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ Mask များကို နောင်ချိုမြို့ဈေးရပ်ကွက်မှကိုအောင်ကျော်သူနှင့်မိသားစုများကလှူ ဒါန်းပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကို ကိုမင်းက လက်ခံ ရယူကာ ကျေးဇူးတင်စကား ပြန်လာပြောကြားခဲ့သည်။

 

လှူဒါန်းမှုဖြင့် ရရှိသော Mask များကို နောင်ချိုမြို့နယ်အတွင်းရှိ Quarantine  Centreများ၊ စစ်ဆေးရေး ဂိတ်များနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချိုပြန်/ဆက်