၁၈ စက်တင်ဘာ

 

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်း ၃၀ ကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။ ဉရောပ တဝိုက်မှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နှုန်းဟာ သတိပေး ခေါင်းလောင်းထိုးတဲ့နှုန်းဖြစ်လာပြီး သီးသန့်စောင့်ကြည့်တဲ့ အချိန်က တိုလာတဲ့ အပေါ်ကိုလည်း သတိပေးလိုက်ပါတယ်။

 

 

ဉရောပမှာ ၂၄ နာရီအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ ၅၄,၀၀၀ ရှိကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ပိုးတွေ့ရှိသူ အရေအတွက်ဟာ စံချိန်သစ်တင်တဲ့ ပမာဏ ဖြစ်နေတာကို တွေ့ရပါတယ်။

 

 

ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၃၀,၃၅၁,၇၂၃ ဦးထဲမှ သေဆုံးသူ ၉၅၀,၅၅၇ ဦး ရှိကြောင်း ပိုးတွေ့ရှိသူ အရေအတွက် စုစုပေါင်းမှ ဉရောပမှာ ပိုးတွေ့ရှိသူ ၄,၂၇၅,၄၄၇ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

 

 

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ နေ့စဉ် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀,၀၀၀ နီးပါး တွေ့ရှိတဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန် စည်းမျဉ်းစည်းကမ်းတွေ ပြန်လည် ထုတ်ပြန်ရန် တာဝန်ရှိသူတွေက ပြင်ဆင်နေပါတယ်။

 

 

အာရှနိုင်ငံတွေ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၉,၁၀၃,၁၈၂ ဦးထဲမှာ သေဆုံးသူ ၁၇၁,၇၃၃ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP