ရွာငံ ၁၈ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင် တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ အခန်း(၆)ခန်းခွဲ၍ စက်တင်ဘာ(၁၈)ရက် နံနက်(၉)နာရီခွဲက ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၅)ဦးတို့က ပါတီများလိုက်နာရမည့်ကျင့်ဝတ် များ၊ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်၊ ကြိုတင်မဲပေး ခြင်းလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စက်ဝန်းမဟာဗျူဟာ စီမံကိန်းပန်းတိုင်နှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော် မတီများနှင့် ရွေးကောက်ပွဲခုံရုံးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း (၂၃၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ(၁၇)ရက်မှ (၁၈)ရက်ထိ နှစ်ရက် ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရွာငံ မြို့နယ်(ပြန်/ဆက်)


