နေပြည်တော် ၁၈ စက်တင်ဘာ
ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံ ဆောင်ရွက်ပေးနိုင်ရေးနှင့် သက်ဆိုင် သည့် 7th Council of Bureaux Working Group (CoB-WG) Meeting ကို စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီခွဲက video conference ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ပြီး မြန်မာနိုင်ငံအနေဖြင့် မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက အစည်းအဝေးဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဌာန အရာရှိများက ဆွေးနွေးသူများအဖြစ် လည်းကောင်း တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးပွဲတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော 22nd ASEAN Insurance Regulators’ Meeting မှ ဆုံးဖြတ်ချက်များအရ Council of Bureau အဖွဲ့ဝင်များ၏ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံ ဆောင်ရွက်ပေးရေးနှင့် ပတ်သက်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ၊ ASEAN COB Website တွင် ဖော်ပြထားမည့် Compulsory Automobile Liability Insurance (CALI) နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ASEAN Compulsory Motor Insurance (ACMI) System အသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများကို အဖွဲ့ဝင်နိုင်ငံအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


