ညောင်ဦး ၁၉ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ကွင်းကြီးတဲတိုက်မှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် စက်တင်ဘာ ၁၉ ရက် ၊ နံနက် ၁၀ နာရီက ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းမှ အသင်းသားများအဖွဲ့က ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် သွားရောက်လှူဒါန်းပေးရာတွင် ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်းမှ နာယကဆရာတော် အရှင်သာဂရ ဦးဆောင်သော အသင်းသားများအဖွဲ့က ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု ၊ ကွင်းကြီးတဲတိုက်ရှိ ဒေသခံပြည်သူ ၁၆၀ အတွက် ရေဂါလန် ၁၅၀ဝ အား သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်ရေး အိမ်ထောင်စု အလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအသင်းနာယကဆရာတော် အရှင်သာဂရထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


