လှိုင်းဘွဲ ၁၉ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒိုင်းပြကျေးရွာနှင့် ကမော့ကချူးကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်သည့် အချက်များအနေဖြင့် မိမိအိမ်တွင် နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း၊ လူစုလူဝေးဖြစ်ပေါ်နိုင်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြည်ခြင်း စသည့် အဆိုပါ လမ်းညွန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေးနှိုးဆော်ခြင်းနှင့်ပြင်ပသို့ထွက်ခွာလာသူများတွင် နှာခေါင်းစည်း တပ်ဆင်လာခြင်း မရှိသူများအား နှာခေါင်းစည်း Mask  များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

mdn