ပွင့်ဖြူ  ၁၉   စက်တင်ဘာ     

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် မျိုးဆက်သစ်လူငယ်မောင်မယ်များ  ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက် ၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ သွားရောက်ပြီး အားကစားလေ့ကျင့်နိုင်ရန်အတွက် ပိုက်ကျော်ခြင်း ကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ပိုက်ကျော်ခြင်း အားကစားနည်းနှင့် ပက်သက်ပြီး သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။

 

ထို့နောက် မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာရှိ ဒေသခံ ပြည်သူများနှင့် အနာဂတ် မျိုးဆက်သစ် လူငယ်မောင်မယ်များ အားလပ်ချိန်များတွင် အားကစား ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် စေရန် နှင့် ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ပိုက်ကျော်ခြင်းကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစား ပစ္စည်းများကို ကျေးရွာနေပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် ( ညောင်ဦး )