လားရှိုး ၁၉ စက်တင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေကျပ် ၁၁၇၂ ဒသမ ၅၀ သန်းဖြင့် လမ်းမတော်လမ်းထိပ်မှ စတင်၍ သိန္နီလမ်း (မြို့မဈေးလမ်း) တစ်လျှောက်မှ သုခလမ်းဆုံအထိ ကတ္တရာကွန်ကရစ် (နိုင်လွန်ကတ္တရာ) ခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည် လားရှိုးမြို့အတွင်း ပြည်သူများ အများဆုံးသွားလာအသုံးပြုနေသည့် လမ်းမကြီးဖြစ်ပြီး လမ်းမတော်လမ်း အရှည်ပေ (၁၉၈၀)၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၅၂၇ သန်း၊ သိန္နီလမ်း အရှည်ပေ (၂၆၄၀)၊ ခွင့်ပြုရန်ပုံငွေ ကျပ် ၆၄၅ ဒသမ ၅၀ သန်း စုစုပေါင်း လမ်းအရှည် (၄၆၂၀)ပေ၊ (၇)ဖာလုံအား စုစုပေါင်း  ရန်ပုံငွေကျပ် ၁၁၇၂ ဒသမ ၅၀ သန်းဖြင့် ကတ္တရာကွန်ကရစ် (နိုင်လွန်ကတ္တရာ) ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုကို၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)