တန့်ဆည်   ၂၂  စက်တင်ဘာ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသူများအား ယနေ့ နံနက်ပိုင်းက မြို့လယ်အဝိုင်းပတ်၌ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ရှောင်တခင် စစ်ဆေးစဉ် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိပဲ သွားလာ နေသူ များအား``ချက်ချင်းဝယ်၊ ချက်ချင်းတပ်´´ဒဏ်ရိုက်ခြင်း စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)