မိုးနဲ ၂၂ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့သောငွေများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများက ကွင်းဆင်းသွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ် နှင့်ကျိုင်းတောင်းမြို့အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာ အိမ်ထောင်စု ၈၅၀ ရှိပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် မိုးနဲမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးစိုးထွဋ် နှင့်အဖွဲ့ ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့ပေါ် (၅) ရပ်ကွက် သို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသော ပြည်သူများ သိရှိစေရန်အချက်များကို (hand Speaker)ဖြင့်ကြေညာခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏လက်ဝယ်အရောက် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ စီကို ကွင်းဆင်းပေးအပ်ထောက်ပံ့ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)