ဖာပွန် ၂၂ စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လျှပ်စစ်မီးမရရှိသည့် တံခွန်တိုင်ကျေးရွာအုပ်စု၊ ဝှေမှုန်ကျေးရွာအတွက် ဆိုလာပါဝါ (၈၅)စုံ အခမဲ့ဖြန့်ဝေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဝှေမှုန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆိုလာပါဝါ (၈၅)စုံအား ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကျော်ဦး၊ခရိုင်နှင့်မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ကြရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဆိုလာပါဝါပေးအပ်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်၀ဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)

 

mdn