နေပြည်တော် ၂၂ စက်တင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-ကံသာ-ဝင်တဲ ကူး-သစ်ပုတ်ပင် လမ်းဘေးအနီးနေရာ၌ မော်တော်ဆိုင်ကယ် (၈)စီးနှင့်အတူ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၆၉၀၀)တန်ကို လည်းကောင်း။
ကျွန်းလှမြို့နယ်၊ မဒေါင်-ဆွဲလှည်းသွား ကားလမ်းအနီးနေရာများမှ တရားမဝင် အင်ခွဲသား (၇)တန်နှင့် သုံးဘီးယာဉ်(၃)စီး၊ မင်းကင်းမြို့နယ်၊ ယုံသာ-ပျဉ်းကိုင်းကျေးရွာ ချင်းဆက်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၀/၃) လမ်းဘေးနေရာ၌ တာယာဘီးတပ် လှည်း(၂)စီးနှင့် တရားမဝင်အင်သစ်(၅)တန်၊ လိမ္မော်ရောင်ချိန်းဆော (၁)လက်၊ မင်းကင်းမြို့နယ်၊ နှင်းကြီးရွာအရှေ့ချောင်းဘေးမှ တရားမဝင် သစ်စေးသစ် (၃)တန်နှင့် လုံးပတ် (၃)ပေအောက် သစ်စေးသစ် (၃)တန်၊ ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာအနီး၊ ရွှေလီမြစ်အတွင်းနှင့် ကျောက်တောင်ကြိုးဝိုင်း အကွက် (၁၀)အတွင်းနေရာများမှ တရားမဝင်ကျွန်း/ သစ်ယာ/ ပျဉ်းမ/ ဖန်းခါးသစ် စုစုပေါင်း (၆ ဒသမ ၅၁၂)တန်ကိုလည်းကောင်း။
ပဲခူးမြို့နယ်၊ မဒေါ့မြောင်အတွင်းမှ တရားမဝင် ဆိတ်ချေး/သစ်ဖြူ/ နဘဲ/ သစ်ဆိမ့်/ ဖန်ခါး/ ပျဉ်းမ/ ကျွန်း/ မျောက်ငိုသစ် (၉)တန်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ပုလဲ ကားလမ်းမိုင်တိုင် အမှတ်(၆၉/၇)အနီး (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်းခွဲသား (၄)တန်၊ ဂွမြို့နယ်၊ ကျိန္တလီချောင်းအနီး နေရာနှင့် အလယ်ကျွန်းနေရာတို့၌ တရားမဝင် တောင်သရက်/ တောင်ပိန္နဲခွဲသား (၄ ဒသမ ၈၃၉၄)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် တောင်ကုတ်မြို့နယ်၊ ကလိန်တောင်မြစ်အတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင် ကညင်/စကားခွဲသား (၄၃ ဒသမ ၇၆၄၂)တန်နှင့် ကျူးလွန်းသူ (၆)ဦး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော-ပခုက္ကူကားလမ်းဆုံ၊ မိုင်တိုင်အမှတ်(၁၀/၂)နေရာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၀ ဒသမ ၅၃၆၆)တန် နှင့် ကျူးလွန်းသူ (၁)ဦး ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လ မြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၁/၇)နှင့် (၆၂/၀)ကြား ရွှေသံလွင်တိုးဂိတ်နေရာ (၆)ဘီးအစိမ်းရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၃)တန်နှင့် ကျူးလွန်းသူ (၂)ဦး၊ ဘားအံမြို့နယ် ကော့စိန် ဘန်အောက်ကျေးရွာအုပ်စု၊ ရွှေပြည်တောင်ရွာရှိ သစ်အရောင်းဆိုင်၌ တရားမဝင် သင်္ဂဒူ/ ဘိုင်ခွဲသား (၅)တန်နှင့် ကျူးလွန်းသူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း (နေပြည်တော်)