နေပြည်တော် ၂၂ စက်တင်ဘာ

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် သာဝတ္ထိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခွဲက သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် တောင်စဉ်အေးကျေးရွာ လမ်းဆုံအရောက်၌ ရေတာရှည်မြို့နယ်၊ သဲဖြူကျေးရွာနေ ဇော်ဌေး (ခ) ကော့သောင် (၃၁)နှစ် မောင်းနှင်သော ဆိုင်ကယ်နှင့် တစ်ရွာတည်းနေ ကိုထက် (ခ) ထက်ဝေအောင် (၂၄)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးတို့မှာ ကေဘယ်ကြိုးခွေများကို သယ်ဆောင်လာသည်ကို တွေ့ရှိ၍ စစ်ဆေးရာ ၎င်းတို့သယ်ဆောင်လာသည့် ကေဘယ်ကြိုး ၂ ခွေတို့အား ပိုင်ဆိုင်ကြောင်း အထောက်ထားပြသနိုင်ခြင်း မရှိသဖြင့် ၎င်းတို့နှစ်ဦးအား သာဝတ္ထိနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား