ပဲခူး ၂၃ စက်တင်ဘာ
ပဲခူးမြို့ ရှင်စောပုရပ်ကွက်၊ သနပ်ပင်လမ်းမတန်းရှိ GOLDEN LUXURY DRUG(နိုင်ငံခြားဆေးများ) ဖြန့်ချီရေးဆိုင်တွင် ယနေ့ နံနက် ၉ နာရီက ကဝမြို့အထွေထွေရောဂါကုဆေးရုံကြီး လိုအပ်သည့်နေရာ၌ အသုံးပြုနိုင်ရေးအတွက် အမျိုးသားစာပေဆုရ ဒေါက်တာဦးဖြေ(စာရေးဆရာဝိဿဇ္ဇက) GOLDEN LUXURY DRUG (နိုင်ငံခြားဆေးများ) ဖြန့်ချိရေးမိသားစုမှ COVID-19အကာ အကွယ်ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ရှေးဦးစွာ အလှူရှင် အမျိုးသားစာပေဆုရ ဒေါက်တာဦးဖြေ(စာရေးဆရာဝိဿဇ္ဇက) GOLDEN LUXURY DRUG (နိုင်ငံခြားဆေးများ) ဖြန့်ချီရေးမိသားစုက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံ အုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်ထံသို့ ကဝမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လိုအပ်သည့်နေရာ၌ အသုံးပြုနိုင်ရေး အတွက် COVID-19 အကာအကွယ် ပစ္စည်းများဖြစ်သည့် နှာခေါင်း(Mask) များ၊ Surgical Gownsများ၊ မြန်မာတိုင်းရင်းဆေးများနှင့် ဆေးရုံသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်လည်း ဦးဌေးအောင် (ရွှေရည်ရောင်းဝယ်ရေး) မိသားစုက ပဲခူးဆေးရုံကြီးအတွက် Air Con(၁)လုံး၊ ပန်ကာ(၂)လုံး၊ ပဲခူးဆေးရုံနှင့် ကလိ၊ ပဲခူးတက္ကသိုလ်၊ အသောက Quarantine Centreတို့မှ ဆရာဝန်၊ သူနာပြုများအတွက် ပရီမီယာကော်ဖီမစ်(၃၂)ပါကင်၊ ခေါက်ဆွဲခြောက်ထုပ်(၁၈၀)၊ မိသားစုပြောင်းဖူးမုန့်ပုံး(၇)ပုံး၊ ပဲခူးမြို့ ပြည့်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် အခြေခံဝန်ထမ်းများအတွက် ဆန်(၆)ပြည်ပါဆန်အိတ်(၇၀) ၊ ကလိ၊ အသောက၊ ပဲခူးတက္ကသိုလ်Qurantine Centrများရှိ Volunteerများအတွက် ဖုန်းဘေလ်များ လှူဒါန်းပေးကြရာ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် Volunteer ဦးကျော်မျိုးဦးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)