လှိုင်သာယာ(အနောက်ပိုင်း) ၂၃  စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ရွှေရင်အေးဘုရားလမ်း၊ စက်မှုဇုန်(၅)၊ မွေးမြူရေးဇုန် အမှတ်(၈၆)၊ ရွှေရင်အေးဘုရားလမ်းရှိ  ကြက်သားအအေးခန်း လုပ်ငန်းစက်ရုံတွင် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

 

မီးလောင်ရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်။

 

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် စက်မှုဇုန်(၅)၊ မွေးမြူရေးဇုန်တွင် ဦးဇော်မိုးအောင် ပိုင်ဆိုင်သော (DEHEUS) ဝေယံအောင်ကုမ္ပဏီ ကြက်သားအအေးခန်းလုပ်ငန်း ပေ ၁၂၀x ၆၀ အကျယ်ရှိ အပေါ်ထပ် ရုံးခန်းတွင် အဲကွန်းနှင့်တွဲဖက်တပ်ဆင်ထားသော safeguard ချွတ်ယွင်းပြီး မီးပွားထွက်ရာမှ အနီးရှိစာရွက်စာတမ်းများနှင့် ကွန်ပျူတာများကို မီးကူးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)