ညောင်တုန်း  ၂၃   စက်တင်ဘာ              

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အန္တရာယ်ကင်းဝေးစေရေး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ညောင်တုန်းမြို့နယ် သဃာ့နာယက ဥက္ကဋ္ဌဆရာတော် (ပုပ္ပါးကျောင်းတိုက်) ဦးဆောင်၍ မြို့နယ်ဆရာတော်ကြီးများ/ သံဃာတော်များ စုစုပေါင်း အပါး(၃၀)  တို့သည်   ခရီးသည်တင်မှန်လုံယာဉ် (၂)စီးဖြင့် စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီက မြို့နယ်အတွင်း လှည့်လည်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

 

ပရိတ်တရားတော်များ ရွတ်ပူဇော်ရာတွင် အမှတ် (၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ပုပ္ပါးကျောင်းတိုက်မှ စတင်ထွက်ခွာခဲ့ပြီးအမှတ် (၆)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက် ဦးသန်းထွန်းလမ်း၊ အမှတ် (၉) ရပ်ကွက် ဗိုလ်မင်းရောင်လမ်း၊ အမှတ် (၈)ရပ်ကွက် အာဇာနည်လမ်း၊ အမှတ် (၁) ရပ်ကွက် လမ်းမတော်လမ်း၊ အမှတ် (၄) ရပ်ကွက် (၈)လမ်းဆုံမှတဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ညောင်တုန်းမြို့အတွင်းသို့ လှည့်လည်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် "ပီတိ'' ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့တို့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

ညောင်တုန်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် မဲဇလီကျေးရွာနှင့် ၂၄ ရက်နေ့တွင် ကြိမ်ပင်ဆယ် ကျေးရွာ ကားလမ်းမတစ်လျှောက် လှည့်လည်ကာ ပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

                              

မြို့နယ်(ပြန်/ဆက်)