နေပြည်တော် ၂၃ စက်တင်ဘာ

 

အောက်တိုဘာ (၉) ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို UNESCO နှင့်  UPU တို့ ပူးပေါင်း၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွက် အသက်(၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို “Write  a message to an adult about the world we live in” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံ၌ ပြည်တွင်းအဆင့် အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို (၄၉) ကြိမ်မြောက်အဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  တိုင်းဒေသကြီး / ပြည်နယ်များရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်တွင် တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ ကျောင်းသား/သူ စုစုပေါင်း (၁၄၇၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ကချင်ပြည်နယ်၊ အ - ထ - က ( ၁ ) တနိုင်းမြို့၊ အဌမတန်းမှ မောင်ကောင်းထက်သော်  ကလည်းကောင်း၊ ဒုတိယဆုကို ပဲခူးတိုင်းဒေသကြီး  အ - ထ - က (၂) ညောင်လေးပင်မြို့၊ အဌမတန်းမှ မောင်ဉာဏ်လင်းထက် တို့ကလည်းကောင်း ဆွတ်ခူးရရှိခဲ့ပြီး ပြည်တွင်းအဆင့် ပထမဆုရစာမူကို ကမ္ဘာ့စာပို့တိုက်သမဂ္ဂသို့ ပေးပို့၍ နိုင်ငံတကာအဆင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

(သတင်းစဉ်)

 

mdn