စဉ့်ကိုင်   ၂၃  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ငါးစားသုံးခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင် သန်မာစေပြီး ရောဂါကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးရိုးဗီဇ မြှင့်တင်ထားသည့် ငါးမြစ်ချင်းငါးမျိုး    ငါးကောင်ရေ (တစ်သိန်း) စိုက်ထည့်ပွဲကို ယနေ့နံနက်(၉)နာရီက စွန်ရဲကျေးရွာအုပ်စု၊  စွန်ရဲအင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ငါးမျိုးများ စိုက်ထည့်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွန်ရဲအင်း၌ ပထမအကြိမ် စိုက်ထည့် ပေးခြင်းဖြစ်ပြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး ၊ကျေးလက်ဒေသဖွံ့ဖြိုးမှုတွင် အထောက် အကူပြုစေရေးနှင့် ဒေသတွင်း ငါးသယံဇာတပေါများလာစေရေး၊ ရိက္ခာဖူလုံစေရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရေရှည်တည်တံ့စေရေး ဘုံငါးဖမ်းကွက် လုပ်ကိုင်သူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းပြီး ငါးလုပ်ငန်းဖြင့် စီးပွားရှာနေသူများ၊ ငါးလုပ်ငန်းဖြင့်မိသားစု စီပွားရေး ဖြေရှင်းနေသူများ   ကိုဗစ်-၁၉ရောဂါ  ကာလအတွင်း စီးပွားရေး ကုစားမှုအနေဖြင့် ငါးမျိုးများ စိုက်ထည့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ငါးမြစ်ချင်းငါးမျိုး  ငါးကောင်ရေ  (တစ်သိန်း) စိုက်ထည့်ရာတွင် ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဒေါ်ခိုင်ခိုင်ဝင်းက ကြီးကြပ်၍ စခန်း တာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးကျော်ဉီးနှင့် အင်းကော်မတီဝင်များ ပူးပေါင်း၍ စွန်ရဲအင်းအတွင်း ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)