မုံရွာ ၂၃ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့ကုန်စည်ဒိုင် COVID-19 ရောဂါ အန္တရာယ်ကာ ကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ကိုက်ညီစေရန် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး(၇/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်မပြုလုပ်ဘဲ Online  စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း မုံရွာမြို့ ကုန်စည်ဒိုင် သတင်းပြန်ကြားရေးတာဝန်ခံ ဦးတင်ကိုကိုက ပြောကြားသည်။

 

ကုန်စည်ဒိုင်အတွင်း လူများအပြားအဝင်အထွက်ဖြင့် အရောင်းအဝယ်မပြုလုပ်ဘဲ ဖုန်းဖြင့် ဆက်သွယ်၍ လည်းကောင်း၊ Online စနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာ၍ အသင်းသူ၊ အသင်းသားများနှင့် ကိုယ်စားလှယ်များ၏ ကျန်းမာရေးကို ရှေးရှု၌ မုံရွာကုန်စည်ဒိုင်အား ယာယီပိတ်ထားရ ခြင်းဖြစ်ပါကြောင်း ဆက်လက်ပြောကြားသည်။

 

Online စနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရခြင်းသည် တောင်သူများနှင့် အသင်းသူ၊ အသင်းသားများ ဈေးနှုန်းအမှန်ရရှိရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ မုံရွာမြို့ကုန်စည်ဒိုင်ဖွင့်မည့်ရက်ကို ပြန်လည်ကြေညာပေးမည်ဖြစ်ပါကြောင်း သတင်းပြန်ကြားရေးတာဝန်ခံ  ဦးတင်ကိုကို က ပြောကြားသည်။

 

မွှေးကြူဇင်

 

mdn