ရန်ကုန် ၂၃ စက်တင်ဘာ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသွားအလာကန့်သတ်ထားသည့် နေရာ၊ အိမ်၊ တိုက်ခန်း စုစုပေါင်း (၄၄)နေရာ၊ အိမ်ထောင်စုပေါင်း (၂၀၆)စုရှိ လူဦးရေ (၇၇၃)ဦး နေထိုင်လျက်ရှိရာ အဆိုပါအိမ်ထောင်စုများ၏ စားသောက်ရေး အဆင်ပြေစေရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦနေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ကော်မတီဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် အဆိုပါနေရာ (၄၄)နေရာရှိ အိမ်ထောင်စုဝင်များထံ သွားရောက်ကာ အားပေးစကားများပြောကြား၍ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူး အစရှိသည့် စားသောက်ကုန်များကို ယနေ့မွန်းလွဲပိုင်းက စတင်ကာ သွားရောက်ကူညီ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)