ညောင်ရွှေ   ၂၄   စက်တင်ဘာ    

 

ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု လီမိတက်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ အသင်းစု လီမိတက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။   

         

အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် မြို့နယ်သမဝါယမဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း (၂၁)ဦး၊ မြို့နယ် သမဝါယမအသင်းစု အလုပ်အမှုဆောင် (၁၃) ဦး၊ မြို့နယ်သမဝါယမ အသင်းစုမှ ဝန်ထမ်း (၁၂)ဦး၊ စုစုပေါင်း (၄၆) ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တန်ဖိုး (၆၀ဝ၀ဝ) နှင့်ညီ မျှသော ဆန်(၁) အိတ်နှင့် ဆီ (၃ )ပိဿာ ကိုလည်းကောင်း၊ အခြေခံသမဝါယမအသင်း (၈၉) သင်းမှ အမှုဆောင်များအတွက် ထောက်ပံ့ငွေကျပ် (၁၄၃၀ဝ၀ဝ၀)  ကိုလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ပေးအပ်မှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၁၇၀၆၀ဝ၀ဝ) တိတိဖြစ်ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ