ထန်တလန် ၂၄ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြကျေးရွာအတွက် ရန်ပုံငွေ ကျပ် ၂၆၃၄၀၀၀၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘွေခိန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလာလ်အောင်က အဆိုပါ ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြကျေးရွာအတွက် ရန်ပုံငွေကျပ် ၂၆၃၄၀၀၀၀ ကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးဘွေခိန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလာလ်အောင်တို့က သီကီရ်းစံပြကျေးရွာအုပ်ချုပ်ရေးမှူးထံလွှဲပြောင်းပေးအပ်ခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ စီမံကိန်းနှင့်ပတ်သက်သည့် လုပ်ငန်းများအား မေးမြန်းဆွေးနွေးခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေများကို စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် (၅)ရာခိုင်နှုန်း၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၄၅)ရာခိုင်နှုန်းနှင့် ဝင်ငွေတိုးပွားရေးအတွက် (၅၀)ရာခိုင်နှုန်း သုံးစွဲရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်ပြန်ဆက်