ရန်ကုန် ၂၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းက ဦးဆောင်၍ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများအား ICT နည်းပညာဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်း ပါဝင် ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများ ရှောင်ရန် ဆောင်ရန် ကိစ္စရပ်များ၊ လိုက်နာရမည့် တာဝန်ဝတ္တရားများအကြောင်းတို့ကို "ကျန်းမာရေးနှင့် ICT" ခေါင်းစဥ်ဖြင့် စက်တင်ဘာ ၂၇ရက် နေ့လယ် ၁နာရီမှ ၃နာကီအထိ ZOOM App မှတစ်ဆင့် စုပေါင်းဆွေးနွေးကြမည်ဖြစ်ပြီး MCIA-Yangon Facebook Page (https://www.facebook.com/MCIA.Yangon/) မှ တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဟုသိရသည်။
ဤဆွေးနွေးပွဲတွင် အစီစဉ်မှူးအဖြစ် ဦးဇေယျာဖြိုး(ခ) Jack Chen (MD/ Technovisions Co., Ltd) က ဦးဆောင်ဆွေးနွေးပေးမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးသူများမှာ ဒေါက်တာထွန်းသူရသက် (Founder & CEO/Myanmar Information Technology Pte Ltd)၊ ကျန်းမားရေးနှင်းအားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၊ ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်အောင်ကျော်၊ ဒေါက်တာထက်ဇံလင်း (CEO/OnDoctor Company Limited) တို့က ပါဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်းသိရသည်။
သန့်ဇင်ဝင်း