ကန်ပက်လက်      ၂၄       စက်တင်ဘာ       

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွား ထောက်ခံချက်များ ယူဆောင်လာခြင်း မရှိပါက မြို့အဝင်ဂိတ်မှ မြို့အတွင်းသို့ ဝင်ရောက်ခွင့်ကန့်သတ်တော့မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။

 

ကန်ပက်လက်မြို့အဝင်ဂိတ်တွင် နံနက်(၆)နာရီမှ ည(၇)နာရီအထိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလည်း ကောင်း၊ ည(၇)နာရီမှ နံနက်(၆)နာရီအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လည်းကောင်း အလှည့်ကျ ဂျူတီချထားလျက် မြို့အဝင်/အထွက်စာရင်းများ စနစ်တကျစစ်ဆေးလျက်ရှိပြီးနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာတွေရှိထားသည့် မြို့များမှ လာရောက်သူများကို Facility Quarantine ထားရှိရေး အတွက် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 

ကန်ပက်လက်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် Facility Quarantine ထားရှိ ဆောင်ရွက်လျက်ရှိပြီး ၊ လက်ရှိအချိန်တွင် နိုင်ငံခြားပြန်တစ်ဦး၊ ရန်ကုန်မြို့မှ ပြန်လာသူ တစ်ဦးနှင့် မင်းတပ်မြို့မှ ပြန်လာသူတစ်ဦး စုစုပေါင်း(၃)ဦးကို Facility Quarantine ထားလျက်ရှိကြောင်း သိရပါသည်။

 

ကိုလိန်း(ပြန်/ဆက်)