ပြင်ဦးလွင်  ၂၄   စက်တင်ဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာစာရင်းတွင် ပါဝင်သော case-2022 လူနာသည် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်သဖြင့် သတ်မှတ်ရက်ပြည့်ပြီးဖြစ်သည့် ယနေ့ စက်တင်ဘာလ ၂၄ရက်  နံနက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုကြောင်း သိရသည်။

 

လူနာမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့်ကာလ ပြည့်ပြီဖြစ်သောကြောင့်ဆေးရုံမှ ဆင်းခွင့်ပြုကာနေအိမ်တွင် Home Quarantine (၇) ရက်ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း၊ နေအိမ်တွင် နေထိုင်စဉ်ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များ ဆက်လက် ကူညီပံပိုးပေးသွားမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

အဆိုပါလူနာသည်ရန်ကုန်မြို့မှပြင်ဦးလွင်သို့ ပြန်လာသူဖြစ်ပြီး နေအိမ်တွင် Home Quarrantine ဝင်ရောက်နေစဉ် အနံ့မရတော့သဖြင့်ခရိုင်ကျန်းမာရေးဦးစီးဌာနသို့အကြောင်းကြားခဲ့ရာမှ  စက်တင်ဘာလ (၁၀)ရက်နေ့တွင် ပြည်သူ့ဆေးရုံကြီးသီးခြားဆောင်၌ ထားရှိကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ကုသမှုပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

မြတ်ဆုမွန်

 

mdn