လားရှိုး ၂၅ စက်တင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် စက်တင်ဘာ(၂၅)ရက် နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ ရပ်ကွက်များရှိ ပြည်သူ(၂၅၅)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခဲ့ကြောင်းသိရှိရသည်။

 

လားရှိုးမြို့ရှိ ရပ်ကွက်(၁၊ ၅၊ ၉၊ ၁၀၊ ၁၂)ရပ်ကွက်အတွင်းရှိ ပြည်သူများသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ရာ ရပ်ကွက်(၁)မှ (၅၄)ကတ်၊ ရပ်ကွက်(၅)မှ(၂၄)ကတ်၊ ရပ်ကွက်(၉)မှ (၁၀၅)ကတ်၊ ရပ်ကွက်(၁၀)မှ(၃၄)ကတ်၊ ရပ်ကွက်(၁၂)မှ(၃၈)ကတ် နှင့် မယ်ဟန်ကျေးရွာမှ ပြည်သူ(၇၈)ဦးတို့အတွက်လည်း နိုင်ငံသားစိစစ်ရေးကတ်(၇၈)ကတ်တို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့်တာဝန်ရှိသူများက လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြသည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့နယ်အတွင်းရှိ မသန်စွမ်းသူ(၁၉၆)ဦးအတွက် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၅၈၈၀၀၀၀)ကျပ်အားလည်းကောင်း၊ လားရှိုးမြို့နယ် အတွင်းရှိ အသက်(၈၀)နှင့်(၈၅)နှစ်ကြားရှိ သက်ကြီးရွယ်အို(၇၅၉)ဦးတို့အတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၂၂၇၇၀၀၀၀)ကျပ်တိတိအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)

 

mdn