နေပြည်တော် ၂၅ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲ ပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ မြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့်ရှိ မရှိ စိစစ်ပြီး သက်ဆိုင်ရာ  မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးချုပ်များသို့ အချိန်မီ ပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ (၁၈-၉-၂၀၂၀) ရက်နေ့တွင် ပထမအကြိမ်အဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈၈) ဦး၊ (၂၃-၉-၂၀၂၀) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၀၄၂၆) ဦး၊ (၂၄-၉-၂၀၂၀) ရက်နေ့တွင် တတိယအကြိမ်အဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၃၄၂၂) ဦး၊ (၂၅-၉-၂၀၂၀) ရက်နေ့တွင် စတုတ္ထအကြိမ်အဖြစ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၇၄၉၀) ဦး၊ နိုင်ငံပြင်ပရောက်ရှိနေသည့် မဲဆန္ဒရှင် စုစုပေါင်း  (၁၀၁၅၂၆) ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို လွှဲပြောင်း ပေးအပ်ခဲ့ပြီးကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေး၏ ပြောပြချက်အရ သိရှိရသည်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ် လွှဲပြောင်းပေးရာတွင် နိုင်ငံပေါင်း(၃၅) နိုင်ငံမှ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင် (၁၀၁၅၂၆) ဦးအတွက် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။

 

#MRTV

 

mdn