ရန်ကုန် ၂၅ စက်တင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဆန်ကုန်စည်ဒိုင်များ ပူးပေါင်းဆောင်ရွက်မှု အစီအစဥ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Stay at home ကြောညာထားသော မြို့နယ်များရှိ ဆန်လက်လီဆိုင်များအနေဖြင့် ယခုအချိန် ကာလအတွင်း ဆန်ဝယ်ယူလိုပါက ဝယ်ယူနိုင်ကြောင်းနှင့် လက်လီဆိုင်များအရောက် ပို့ဆောင်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆန်ဖြူ (ဧည့်မထအရှည် / အသွယ် ၂၅ % ) ကို စားသုံးသူများထံ တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချပေးရန်အတွက် ၂၄ ပြည်တစ်အိတ်လျှင် ၂၃၂၀၀ ကျပ်နှုန်းဖြင့် ဆိုင်အရောက် ပို့ဆောင်ရောင်းချပေးမည် ဖြစ်သည်။

ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတို့ကိုလည်း သင့်တင့်သော ပေါက်ဈေးဖြင့် လက်လီဆိုင်များအရောက် ပို့ဆောင်ရောင်းချပေးမည်ဖြစ်သည်။ ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်များကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ဆန်လက်လီဆိုင်များအနေဖြင့် တစ်ကြိမ်မှာယူပါက အနည်းဆုံး ၁၀ အိတ်မှ အများဆုံး အိတ် ၅၀ အထိ မှာယူနိုင်သည်။

ဆက်သွယ်မေးမြန်းဝယ်ယူလိုပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဖုန်း- ၀၉၆၉၄၃၈၆၉၉၄၊ ၀၉၆၉၄၃၈၆၉၉၅၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဖုန်း- ၀၉၆၉၆၉၆၉၁၄၉၊ ၀၉၅၀၀၇၃၀၇၊  ၀၉၅၁၂၃၄၁၄၊ ဝါးတန်းဆန်စပါးကုန်စည်ဒိုင် ဖုန်း- ၀၉၅၁၃၉၃၉၀၊ ၀၉၇၉၆၈၃၈၃၀၉၊ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် ဖုန်း- ၀၉၅၁၀၂၅၇၇ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အောင်သူရ