ခေါဇာ ၂၅ စက်တင်ဘာ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ကဗျာကျေးရွာတွင် အပူပိုင်းမုန်တိုင်း နို(လ်) အရှိန်ကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ရေ မြင့်တက်ခြင်းတို့ကြောင့် စက်တင်ဘာ ၂၀ ရက်က လူနေအိမ် (၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးသွာသော အိမ်ထောင်စု (၉)စုအား ယနေ့နံနက်ပိုင်းက ရေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ကျပ်(၃)သိန်းခန့် တန်းဖိုးရှိသော အစားအသောက်၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)