တန့်ယန်း ၂၅ စက်တင်ဘာ

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲက တန့်ယန်းမြို့ရှိ အောင်တော်မူစေတီဘုရားအား သွားရောက်ဖူးမြော်ပြီး စေတီတော်အဆောက်အဦး တည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မူစေတီကျောင်းထိုင် ဆရာတော်အား လှူဖွယ်ဝထ္ထု ပစ္စည်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အလှူတော်ငွေ ကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့် ဇနီး မပိုးဖြူ Shining Myanmar Co.,Ltd မှ အလှူငွေကျပ် (၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

‌a1

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တန့်ယန်းမြို့နယ်ရှိ မန်ကတ်မြို့ဝင်/မြို့ထွက်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနပေါင်းစုံ ဝန်ထမ်းများအား တွေ့ဆုံကာ လိုအပ်သည်များ မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ​

 

မောင်မောင်သန်း(တောင်ကြီး)