ကျောက်ဆည် ၂၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ Online မှတစ်ဆင့် သက်ငယ်မုဒိမ်း ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ( Talk Show) ကို ယနေ့နံနက်၈နာရီက ကျောက်ဆည်ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့မရဲစခန်းမှဒုစခန်းမှူး ဒုရဲအုပ်နိုင်လင်းကကျောက်ဆည် မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အတွင်း မုဒိမ်းမှု(၉)မှု ဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှု(၂)မှုဖြစ်ပွားခဲ့ရာ ဖမ်းဆီး အရေးယူမှုများ လည်းပြုလုပ်ခဲ့ရပါကြောင်း၊ ကျေးလက်ဒေသတွင် အများဆုံးအဖြစ်များတတ်ပြီး သက်ငယ် မုဒိမ်းမှုများ မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများအနေဖြင့် အရွယ်မရောက်သေးသော ရင်သွေးငယ်များကို တစ်ဦးတည်း စေလွှတ်ခြင်းမပြုလုပ်ကြရန်လိုအပ်ပါကြောင်း၊ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး က သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့၏ အရွယ်မရောက်သေးသော ရင်သွေးငယ်များကို ပြုစုစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးကျောက်ဆည်မြို့နယ် ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဦးသန်းဇော်လင်းက သက်ငယ်မုဒိမ်း မှုကျူးလွန်ပါက အနှစ်(၂၀)ထိထောင်ဒဏ်ဖြစ်စေ၊ (၁၀)နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမည့်နိုင်ကြောင်း၊ ထောင်ဒဏ်တစ်သတ်ဖြစ်စေချမှတ်နိုင်ပါကြောင်း၊ ထောင်ဒဏ်တစ်သတ် ဆိုသည်မှာ ပြစ်ဒဏ်စီရင်ခြင်းခံရသူကို သေဆုံးသည့် အချိန်ထိ ထောင်အတွင်း (အလုပ်အကျွေးပြုစေသော) ထားရှိသောထောင် ဒဏ်ကိုဆိုလိုပါကြောင်း အသီးသီးဆွေးနွေး ပြောကြာခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)