၂၇ စက်တင်ဘာ

ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သတ်ပြီး အပြောင်းအလဲမလုပ်ခဲ့ရင် ကပ်ရောဂါပိုးက ပြင်သစ်ကျန်းမာရေးစနစ်ကို လွှမ်းမိုးသွားနိုင်ကြောင်း နိုင်ငံရဲ့ ထိပ်တန်းဆရာဝန်ကြီးက ဒီနေ့(တနင်္ဂနွေနေ့)မှာ သတိပေးလိုက်ပါတယ်။

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဒုတိယလှိုင်းဟာ ထင်ထားတဲ့အချိန်ထက်စောပြီး ရောက်ရှိလာကြောင်း အမျိုးသား ဆရာဝန်များကောင်စီရဲ့ဉက္ကဋ္ဌ ပက်ထရစ်ဘိုရက်က ပြောကြားပါတယ်။

မာဆေးနဲ့ ပြင်သစ်ဝန်းကျင်ကဲ့သို့ ဗိုင်းရပ်စ်ပိုးကူးစက်မှုများတဲ့ ဒေသတွေမှာ တားမြစ်မှုတွေ ပြဌာန်းရာတွင် နှေးကွေးနေတာကို တွေ့ရပါတယ်။

မစ္စာ ဘိုရက်က ကျန်းမာရေးဝန်ကြီးဟာ လုပ်သင့်တာတွေ လုပ်ဆောင်ခြင်း မရှိသေးကြောင်း၊ စည်းမျဉ်းစည်းကမ်း အပြောင်းအလဲ မလုပ်ဆောင်ခဲ့ပါက လာမယ့် ဆောင်ဦးနဲ့ ဆောင်းရာသီမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မျာလာနိုင်ကြောင်း သတိပေးပြောကြားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို လိုတဲ့နေရာတွေမှာ မပို့ပေးနိုင်တာမျိုးနဲ့ ပြင်သစ်ကျန်းမာရေးစနစ်မှာ လိုအပ်တာတွေကို လိုက်လုပ်မပေးနိုင်တာမျိုးတွေ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

ပြင်သစ်နိုင်ငံမှာ စနေနေ့ ၂၄ နာရီအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄,၄၁၂ ဦး တွေ့ရကြောင်း၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆,၀၀၀ ဦးရှိတဲ့အတွက် စနေနေ့မှာ ပိုးတွေ့ရှိသူ အနည်းငယ် နည်းသွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ဆေးရုံမှာ တက်ရောက်ကုသနေသူ ၄,၁၀၂ ဦးရှိပြီး ၇၆၃ ဦးဟာ အရေးပေါ်ကုသဆောင်မှာ ဆေးကုသခံယူနေရပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဟန့်တားရန် တားမြစ်ချက်အနေနဲ့ မာဆေးရှိဘားတွေနဲ့ စားသောက်ဆိုင်တွေကို အချိန်စောပိတ်ခိုင်းခြင်းကို ဆန့်ကျင်တဲ့အနေနဲ့ မနေ့က မာဆေးမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

MDN

ကိုးကား - AFP