နေပြည်တော် ၂၇ စက်တင်ဘာ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်နေ မရွှေလှဲဇိန် (၂၆)နှစ်အား ဟားခါးမြို့မရဲစခန်း (ပ)၁၃၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ မရွှေလှဲဇိန်သည် ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခွဲမှ စတင်ကာ ၎င်း၏နေအိမ် အပေါ်ထပ်၌ ကျောင်းသား/ကျောင်းသူ ၁၄ ဦးအား လူစုလူဝေးဖြင့် ကျူရှင်ဖွင့်လှစ် စာသင်ပေးနေကြောင်း သိရှိရသောကြောင့် အမှုဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား