ရန်ကုန်    ၂၈  စက်တင်ဘာ       

         

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ Quarantine Centreကို အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ ညနေပိုင်းက ထပ်မံဖွင့်လှစ်ခဲ့ကြသည်။

 

ထိုကဲ့သို့ ဖွင့်လှစ်ထားရှိရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍  Center ၌ သောက်ရေသန့်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ခုတင်များမှအစ လိုအပ်မှုများကို ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး စားသောက်ရေးအတွက်လည်း အလှူရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အလှူရှင်များလည်း လိုအပ်လျက်ရှိသည်။

 

ထို့ပြင် လှူဒါန်းလိုပါက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

အဆိုပါ Quarantine Centerတွင် မြို့နယ်အတွင်းနေ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် ဆက်စပ်သော မိသားစုများအား ထားရှိမည်ဖြစ်ပြီး စောင့်ကြည့်လူဦးရေ ကျား (၂၉)ဦး၊ မ (၃၀) ၊ စုစုပေါင်း (၅၉) ဦး ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းထက်ထက်အောင်