သုံးခွ ၂၈ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ၀တ်စုံများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီတွင် အသုံးပြုနိုင်ရန် သုံးခွမြို့ အမှတ်(၆)ရပ်ကွက်နေ ဦးမောင်အေး- ဒေါ်ခင်မျိုးလှ မိသားစုမှ PPE ဝတ်စုံ ၁၀၀၊ ဦးရဲအောင် (Yess သကြားလုံးစက်ရုံ) မှ PPE ဝတ်စုံ ၁၀၀၊ အမှတ် (၁၂) ရပ်ကွက်မှ ဦးအောင်ဝင်း (Ten အထည်ဆိုင်) PPE ဝတ်စုံ ၅၀၊ အမှတ်(၁၂) ရပ်ကွက်ကိုမိုးသူမိသားစု မှ PPE ဝတ်စုံ ၅၀၊ အမှတ်(၄) ရပ်ကွက်မှ ဒေါက်တာသိန်းကျော်+ဒေါက်တာတင်မိုးဝေတို့မှ PPE ဝတ်စုံ ၂၀ စုစုပေါင်း PPE ဝတ်စုံ ၃၂၀ အား လာရောက်လှူဒါန်းပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် အတွင်းရေးမှူး ဒေါက်တာဇော်ဝင်းသန်းတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)