၂၈ စက်တင်ဘာ

 

 

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း မြောက်ကာလီမင်တန် ပြည်နယ်၌ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားရာ လူ ၁၀ ဉီးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူ နှစ်ဉီးက ပြောကြားခဲ့သည်။

 

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင်း တာရာကန်မြို့ရှိ နေရာသုံးခု၌ မြေပြိုမှုများဖြစ်ပွားခဲ့သော်လည်း ကြိုတင်၍ ဘေးကင်းရာသို့ ရွေ့ပြောင်းပေးနိုင်ခြင်းမရှိခဲ့ကြောင်း ပြည်နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီမှ အရေးပေါ်ဌာန အကြီးအကဲဖြစ်သူ  ဆန်တိုက ဆင်ဟွာသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

 

 

အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများသည် ချက်ချင်းရောက်ရှိလာပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂူဆက် လာတီဖာ ကပြောကြားခဲ့သည်။

 

 

သေဆုံးသူများ၏ ရုပ်လောင်း ၁၀ ခုကို ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့နှင့် အခြားအဖွဲ့များက ပြန်လည် ဆယ်ယူခဲ့ကြောင်း လာတီဖာက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

 

စစ်သားများ၊ ရဲများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အေဂျင်စီမှ  ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများသည်လည်း ရှာဖွေရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

 

mdn