ပခုက္ကူ ၂၈ စက်တင်ဘာ
၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ကျောင်းအဆင့်တိုးမြှင့် ဖွင်လှစ်သည့် အရေအတွက် (၁၄)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနေဖြင့် မိမိကျေးရွာများတွင် ပညာသင်ကြားခြင်းဖြင့် ပညာရေး ကုန်ကျ စရိတ်သက်သာစေရန်နှင့် အခြားကျေးရွာများသို့ သွားရောက်သင်ယူရသည့် အခက်အခဲများ အဆင်ပြေစေရန်နှင့် ကျောင်းအဆောက်အဦ လျော့ပါးသက်သာပြီး စိတ်အေးချမ်းသာစွာ သင်ယူနိုင်ရေးတို့အတွက် ကျောင်းပေါင်း(၁၄)ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ထားကြောင်း၊ အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် ကျောင်းများမှာ ကျေးရွာရှိကျောင်းများဖြစ်ပြီး မကျည်းပင်ပုနှင့်ကိုင်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ လည်းကောင်း၊ လေးလံ ကျွန်း၊ အနောက်ချောက်ကန်၊ တန့်ကြည့်၊ထနောင်းကုန်းနှင့် လက်ပံခုန် ကျေးရွာများရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများ အား အခြေခံပညာ အလယ်တန်းကျောင်းခွဲ အဆင့်သို့ လည်းကောင်း၊ လက်ပြနှင့်ဆုံကုန်းကျေးရွာများရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း များအား (တွဲဖက်)အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့လည်းကောင်း၊ လယ်ကျင်း ၊ပခုက္ကူကျွန်း၊ သိမ် တော်၊ ဆိက္ခဝနှင့်စို့တွင်းကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများအား အခြေခံပညာမူလတန်းလွန်ကျောင်းအဆင့်သို့ လည်းကောင်း အသီးသီးအဆင့်တိုးမြှင့် ဖွင်လှစ်ထားပြီးဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ၏ ပြောပြချက် အရသိရသည်။
ထို့အပြင် ပခုက္ကူမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၅)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း ခွဲ(၂၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၁၃)ကျောင်း၊ (တွဲဖက်) အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(၄၀) ၊ အခြေခံပညာမူလတန်း ကျောင်း(၁၀၁)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းခွဲ(၄)ကျောင်း စုစုပေါင်း (၂၂၂)ကျောင်းရှိပြီး ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း (၁၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၄)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း (၁)ကျောင်း၊ ကိုယ်ပိုင် မူလတန်းကျောင်း (၁)ကျောင်းနှင့် လေ့ကျင့်ရေးကျောင်း (၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးက ဆက်လက်ပြောပြ သည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)