နေပြည်တော် ၂၈ စက်တင်ဘာ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ် (၆၅၊ ၁၁၁)အတွင်း တရားမဝင် ကျွန်းသစ်/ ခွဲသား/ ခွဲခြမ်း (၁၁ ဒသမ ၁၉၁၂)တန်၊ ကလေးဝမြို့နယ် မဟာမြိုင်ကြိုးဝိုင်းနှင့် ပလ္လင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ ကညင်/ အင်ခွဲသား (၇၀ ဒသမ ၆၃၆၆)တန်၊ ဝန်းသိုမြို့နယ် နမ်းခမ်းကြိုးဝိုင်း အကွက်(၂)အတွင်း တရားမဝင်ကျွန်းသစ် (၂၉ ဒသမ ၇၂၆၀)တန်နှင့် တပ်လွင်ကြိုးဝိုင်း အကွက်အမှတ်(၉)၊ ထန်းတပင်ကျေးရွာနှင့် ကျောက်တောကျေးရွာကြားတွင် တရားမဝင် ကျွန်းသစ် (၅ ဒသမ ၇၃၄၀) တန်၊ တရားမဝင် တရုတ်နီအင်ဂျင် (၂)လုံး၊ ဖောင်းပြင်မြို့နယ်၊ အရှေ့မြင်သာကျေးရွာအနီး နန်းပလင်းချောင်းအနီးနေရာတွင် CHANGCHAI (၂၂)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်အင်/ ကညင်သစ်/ ခွဲသား (၃၆ ဒသမ ၉၉၁၂) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာ နေအိမ်ခြံဝန်းအတွင်းနှင့် ချင်းတွင်းမြစ်အတွင်းနှင့် မြောင်းဇင်းရွာအနီးမှ သစ်စက်စပ်ဆက်ပစ္စည်း (၄)မျိုး၊ မီးစက် (၁)လုံး၊ ချိန်းဆော (၂)လုံး၊ တာယာဘီးတပ်လှည်း (၂)စီး၊ လွှစင် (၃)စင်၊ တရားမဝင်ကျွန်း/ အင်/ ကညင်သစ်/ ခွဲသား/ ခွဲခြမ်း/ ပကာ စုစုပေါင်း (၄၄ ဒသမ ၀၅၂၈)တန်နှင့် တရားခံ (၅)ဦး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်းနှင့် (၁၆)မိုင် စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းဆုံတွင် (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁ ဒသမ ၆၀၅၄)တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)