၂၉-၉-၂၀၂၀ ရက်၊ ဆိုးလ်မြို့

 

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ နိုင်ငံအရပ်ရပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ/ သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် (၂၄) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲခဲ့ရာ အဆိုပါလေယာဉ်သည် ၂၉-၉-၂၀၂၀ ရက်၊ ၁၆:၃၈ နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပြီး ချက်သမ္မတနိုင်ငံမှ (၁) ဦး၊ ဟောင်ကောင်မှ (၁) ဦး၊ ကနေဒါမှ (၄) ဦး၊ အီဂျစ်မှ (၁) ဦး၊ အီတလီမှ (၃) ဦး၊ ဘယ်လ်ဂျီယံမှ(၄) ဦး၊ ဗီယက်နမ်မှ (၃) ဦး၊ ဂျာမနီ မှ (၄) ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ ဆွစ်ဇာလန်မှ (၄) ဦး၊ ဘရာဇီးလ်မှ (၅) ဦး၊ အင်ဒိုနီးရှားမှ (၅) ဦး၊ ဗြိတိန်မှ (၄) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၉) ဦး၊ ကိုရီးယား သမ္မတနိုင်ငံမှ (၆၅)ဦး စသည်ဖြင့် မြန်မာနိုင်ငံသားစုစုပေါင်း (၁၁၄) ဦးတို့မှ စီးနင်းလိုက်ပါခဲ့ကြသည်။

 

လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးဦးဆောင်၍ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

Credit #Ministry_of_Foreign_Affairs_Myanmar