နေပြည်တော် ၂၉ စက်တင်ဘာ

တစ်ပတ်ခန့်ပိတ်ထားသည့် ရွှေလီမြို့အကောက်ခွန်ဂိတ်အား စက်တင်ဘာ(၂၂) ရက်နေ့မှ စတင်ပြီး ဖွင့်လှစ်ပေးလိုက်သည့်အတွက် မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှု ပြန်လည်စတင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ကြက်သွန်၊ သကြားရည်၊ ရေထွက် စားသောက်ကုန်များ တင်ပို့လျက်ရှိပြီး၊ တရုတ်နိုင်ငံဘက်မှ ဓာတ်မြေဩဇာ၊ ယာဉ်နှင့် ယာဉ်ယန္တရား၊ လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခြင်းဖြစ်သည်။

လက်ရှိ ကားအစီးရေ (၂၀၀) ကျော် ဝင်ထွက် သွားလာလျက်ရှိကြောင်း မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

#MRTV